“ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးရေးလုပ်ငန်းတာဝန်များ၊ စာရင်းစစ်လုပ်ငန်းအတွေ့အကြုံများနှင့် ဘဏ္ဍာရေး စည်းမျဉ်းများ” သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲကျင်းပခြင်း
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့
ပူးပေါင်းကျင်းပသည့် “ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏
စစ်ဆေးရေးလုပ်ငန်းတာဝန်များ၊ စာရင်းစစ်လုပ်ငန်းအတွေ့အကြုံများနှင့် ဘဏ္ဍာရေး
စည်းမျဉ်းများ” အကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲကို ၂၈-၇-၂၀၂၆
ရက်နေ့၊ (၁၃း၃၀)နာရီအချိန်တွင်
ကော်မရှင်ရုံး Conference Room
၌ကျင်းပရာ ရှေးဦးစွာ မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း က အဖွင့်အမှာစကားပြောကြားရာတွင် ကော်မရှင်ရုံးဝန်ထမ်းများအနေဖြင့်
ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများကို ပိုမိုနားလည်သဘောပေါက်ပြီး
မိမိတို့လုပ်ငန်းခွင်မှာ အမှားအယွင်းကင်းစွာဖြင့် နိုင်ငံတော်ဘဏ္ဍာ
လေလွင့်ဆုံးရှုံးမှုမရှိအောင် ပူးပေါင်းထိန်းသိမ်း ဆောင်ရွက်နိုင်မည့်
စွမ်းဆောင်ရည်များ မြှင့်တင်ပေးရန်အတွက် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရရဲ့
ယန္တရားကြီးတစ်ခုလုံး ဖြောင့်ဖြောင့်တန်းတန်းနှင့် ပွင့်လင်းမြင်သာစွာ
လည်ပတ်နိုင်ဖို့အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ အခန်းကဏ္ဍဟာ
အလွန်အရေးကြီးပြီး အားထားရတဲ့အဖွဲ့အစည်းတစ်ခု ဖြစ်ပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဟာ
နိုင်ငံတော်ဘဏ္ဍာငွေနှင့် ပစ္စည်းများသုံးစွဲရာမှာ အလေအလွင့်မရှိစေရေး၊
ထိရောက်အကျိုးရှိစေရေးတို့အတွက် နားမျက်စိသဖွယ် စောင့်ကြည့်ကူညီပေးနေတဲ့
အဖွဲ့အစည်းဖြစ်ပါကြောင်းနှင့် ကော်မရှင်ရုံး ဝန်ထမ်းများနေဖြင့်
ဆွေးနွေးဟောပြောချက်များကို သေချာစွာ မှတ်သားစေလိုကြောင်းပြောကြားပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ
ညွှန်ကြားရေးမှူး ဒေါ်သက်သက်မာက “ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးရေးလုပ်ငန်းတာဝန်များ၊
စာရင်းစစ်လုပ်ငန်းအတွေ့အကြုံများနှင့် ဘဏ္ဍာရေးစည်းမျဉ်းများ” ခေါင်းစဉ်ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး
တက်ရောက်လာကြသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်များနှင့်
ကော်မရှင်ရုံး ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ညွှန်ကြားရေး ဒေါ်သက်သက်မာက
ပြန်လည်ဖြေကြားခဲ့ကြပြီး ဟောပြောဆွေးနွေးပွဲကို (၁၆း၁၅) နာရီအချိန်တွင်
ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံး ဝန်ထမ်း (၇၇) ဦးတက်ရောက်ခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်