“Barrier Free Society”နှင့် ပတ်သက်သည့် အကြိုညှိနှိုင်း အစည်းအဝေးပွဲကျင်းပ”

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် Raoul Wallenberg Institute (RWI) တို့ ပူးပေါင်း၍ ၂၀၁၄ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့မှ (၁၆) ရက် နေ့အထိ ကျင်းပပြုလုပ်မည့် “Training Workshop on National Inquiries on the Rights of Persons with Disabilities”နှင့်ပတ်သက်သည့်အကြိုညှိနှိုင်းအစည်းအဝေးကိုအမှတ်(၂၇)၊ပြည်လမ်း၊လှိုင်မြို့နယ်၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၌ ၁၇-၆-၂၀၁၄ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါ သည်။

    အဆိုပါ အကြိုညှိနှိုင်းအစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်း ရေးမှူး ဦးစစ်မြိုင်၊ အဖွဲ့ဝင် ဦးလှမြင့်၊ အဖွဲ့ဝင် ဦးခင်မောင်လေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မသန်စွမ်းသူများအခွင့်အရေးနှင့် ပတ် သက်၍ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်း(၁၂) ဖွဲ့ မှကိုယ်စားလှယ်(၁၈)ဦးတို့ တက် ရောက် ခဲ့ကြပြီး RWI မှပေးပို့လာသည့် အလုပ်ရုံဆွေးနွေးပွဲအဆိုပြုအစီအစဉ်(Tentative Agenda ) ၊ သုတေသန/လေ့လာဆန်းစစ်ချက်ပြုလုပ်မည့်အကြောင်းအရာ“Barrier Free Society”တို့အား ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသောအဖွဲ့အစည်းများမှ မိမိတို့ အတွေ့အကြုံအပေါ် မူတည်၍ တန်းတူညီမျှရေး၊ ခွဲခြားမှုမရှိရေး၊ လွယ်ကူ၍ လက်လှမ်းတမှီ အခွင့်အလမ်းများရရှိရေးတို့နှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

Recent News