MNHRC မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင် ကျင်းပသည့် People to People Dialogue သို့ တက်ရောက်ခြင်း

  • News

    အဆိုပါ အစည်းအဝေးမှာ  China-Southeast Asia High Level People to People Dialogue” ဖြစ်သည်။ နန်နင်းမြို့ (Naning) တွင် ဇွန်လ(၂) ရက်နေ့မှ (၄) ရက်နေ့အထိကျင်းပပြုလုပ်သည်။ ဆွေးနွေးပွဲ၏ ဦးတည်ချက်မှာ – “Peace for Development and Cooperation for Win – Win Common Dream and Aspiration of the Peoples” ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား ပြည်သူလူထု အချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံမှု မှတစ်ဆင့် အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများ တည်ဆောက်ရန်ဖြစ်သည်။ ၎င်းဆွေးနွေးပွဲ သို့ ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် တက်ရောက်ခဲ့ပြီး ကော်မရှင်ဖွဲ့စည်းမှုနှင့် ဆောင်ရွက် ချက်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှုများကို ရှင်းလင်း တင်ပြခဲ့ ပါသည်။

    ဆွေးနွေးပွဲအား “China NGOs Network for International Exchanges” (CNIE) မှ တာဝန်ယူကျင်းပပြုလုပ်ပါသည်။ အရှေ့တောင်အာရှ (၆)နိုင်ငံမှ (၁၆)ဦး တက်ရောက်ပြီး အခြား ပြည်တွင်း၊ ပြည်ပ ဖိတ်ကြားသူ(၅၀၀) ခန့်တက်ရောက်ကြပါသည်။

Recent News