MNHRC မှ SEANF ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က
အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်
ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခြင်း
၂၀၁၅
ခုနှစ် ၊ အောက်တိုဘာလ ၅ရက်
အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်
(The
South East Asia National Human Rights Institutions Forum – SEANF) သည် အရှေ့တောင်အာရှ ဒေသတွင်း အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ
ဖွဲ့စည်းတည်ထောင်ထားသော အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့်
တီမောလက်စ်တေ စသည့် နိုင်ငံ(၆)နိုင်ငံမှ အမျိုးသား လူ့အခွင့်အရေးအဖွဲ့
အစည်းများဖြင့် ဖွဲ့စည်းထားသော လွတ်လပ်သည့် ဒေသခွဲ လူ့အခွင့်အရေးဖိုရမ် တစ်ရပ်
ဖြစ်ပါသည်။
၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ
မလေးရှားနိုင်ငံ၊ ပူထရာဂျာယာ မြို့၌ ကျင်းပသော အရှေ့တောင်အာရှ အမျိုးသား
လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏(၁၂)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးသို့
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ နှင့် အဖွဲ့ဝင်
ဦးညွန့်ဆွေတို့ တက်ရောက်ခဲ့ကြသည်။
နှစ်ပတ်လည် အစည်းအဝေးကို လူ့အခွင့်အရေး
မြှင့်တင်ရေးနှင့် ကာကွယ်ရေးတွင် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ၏
အခန်းကဏ္ဍနှင့် စပ်လျဉ်းသော ဆွေးနွေးပွဲနှင့် အရှေ့တောင်အာရှ
အမျိုးသားလူ့အခွင့်အရေး အဖွဲ့ အစည်းများဖိုရမ်၏ (၁၂) ကြိမ်မြောက် နှစ်ပတ်လည် အစည်း
အဝေးဟူ၍ (၂)ပိုင်းခွဲ၍ ကျင်းပပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ အရှေ့တောင်အာရှ
အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်အဖွဲ့ဝင်နိုင်ငံများ၊ အစိုးရ ဌာနများ၊
ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ၊ ပညာရပ်ဆိုင်ရာ
အဖွဲ့အစည်းများ နှင့် မီဒီယာတို့မှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း (၁၀၈) ဦး
ပါဝင် တက်ရောက်ခဲ့ကြပါသည်။
SEANF
ဥက္ကဋ္ဌတာဝန်ကို အဖွဲ့ဝင်များက အလှည့်ကျ တာဝန်ထမ်းဆောင်သည့် မူအရ SEANF
၏(၁၂)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး အပြီးတွင် ဥက္ကဋ္ဌတာဝန်ကို
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌထံသို့ မလေးရှားနိုင်ငံ
လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌက လွှဲပြောင်းပေးအပ်ပါသည်။ထို့ပြင် SEANF အဖွဲ့ဝင်များသည် အကြံပြုချက်များ ပါဝင် သော SEANF ၏သတင်းထုတ်ပြန်ချက်
တစ်စောင်ကို (၂၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး အကြိုအဖြစ်
ထုတ်ပြန်ခဲ့ကြသည်။
(ANNEX)

