Regional Conference on Democracy in South East Asia – Achievements, Challenges, and the Road Ahead သို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ် ပါဝင်တက်ရောက်ခြင်း

  • News

    မလေးရှားနိုင်ငံလူ့အခွင့်အရေးကော်မရှင်နှင့် Kofi Annan Foundation’s Electoral Integrity Initiative တို့ပူးပေါင်း၍ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပခဲ့သည့် Regional Conference on Democracy in Southeast Asia – Achievements, Challenges, and the Road Ahead သို့ မလေးရှားနိုင်ငံလူ့အခွင့်အရေးကော်မရှင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင် အဖွဲ့ဝင် ဦးညွန့်ဆွေ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ Conference ကို အင်ဒိုနီးရှားနိုင်ငံ၏ ယခင်သမ္မတ Mr. Susilo Bambang Yudhoyono က အဖွင့်အမှာစကားပြောကြားဖွင့်လှစ်ခဲ့ပြီး အရှေ့တောင်အာရှဒေသအတွင်း ဒီမိုကရေစီအရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အောင်မြင်မှုများ၊ ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် ရှေ့ဆက်လျှောက်လမ်းမည့်အစီအစဉ်များကို ပါဝင်တက်ရောက်ကြသူများက ဆွေးနွေးခဲ့ကြကာ ထိုင်းနိုင်ငံ၏ ယခင်နိုင်ငံခြားရေးဝန်ကြီး၊ ယခင်အာဆီယံအတွင်းရေးမှူးချုပ် Mr. Surin Pitsuwan က နိဂုံးချုပ်စကားပြောခဲ့ပါသည်။

Recent News