Senior Executive Officer (SEO) Network Meeting သို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး အကြီးအမှူး ပါဝင်တက်ရောက်

  • News

    မလေးရှားနိုင်ငံ၊ မီလာကာမြို့တွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပသည့် Asia Pacific Forum (APF) Senior Executive Officer (SEO) Network Meeting သို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ် ပါဝင်တက်ရောက်ခဲ့ပါသည်။

    အဆိုပါ အစည်းအဝေးသို့ Asia Pacific Forum (APF) အဖွဲ့ဝင်နိုင်ငံများရှိ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ရုံးအကြီးအမှူးများ ပါဝင်တက်ရောက်ခဲ့ကြပြီး လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းများလုပ်ဆောင်မှု အတွေ့အကြုံများနှင့် နည်းလမ်းများ ဆွေးနွေးဖလှယ်ခြင်း၊ စီမံခန့်ခွဲမှုကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။

Recent News