UPR အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး

  • News

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review – UPR) ဒုတိယအကျော့သုံးသပ်မှုခံယူစဉ်က မြန်မာနိုင်ငံက လက်ခံခဲ့သော အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၌ ကျင်းပ ခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက အဖွင့်အမှာ စကား ပြောကြားပြီး ကော်မရှင်အဖွဲ့ဝင် ဦးညွန့်ဆွေက UPR အကြောင်း အကျဉ်းချုပ်နှင့် မြန်မာနိုင်ငံက လက်ခံခဲ့သည့် အကြံပြုတိုက်တွန်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကာ ဆွေးနွေးပွဲ တက်ရောက်သည့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပြန်လည် ဆွေးနွေးပြောကြားခဲ့ကြသည်။

Recent News