Workshop on MNHRC’s Capacity Assessment and Possible Legal Amendments ကျင်းပခြင်း

  • News

    Workshop on MNHRC’s Capacity Assessment and Possible Legal Amendments ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အာရှ − ပစိဖိတ်ဒေသတွင်းရှိ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ် (Asia Pacific Forum of National Human Rights Institutions – APF) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programmed – UNDP) တို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ၊ အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ၊ ပြည်သူ့ လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီတို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ အာရှပစိဖိတ်ဒေသတွင်းရှိ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ် (APF) မှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ ကိုယ်စားလှယ်နှင့် ဝန်ထမ်းများ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်း စုစုပေါင်း (၄၂) ဦး တက်ရောက်ခဲ့ကြသည်။

    ဆွေးနွေးပွဲတွင် APF မှ Mr. Greg Heesom က the relationship between National Human Rights Commissions and the Parliament Introducing the Belgrade Principles and the Paris Principles ကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးညွန့်ဆွေက MNHRC Capacity Assessment ကို လည်းကောင်း၊ ​​ကော်မရှင်ဥက္ကဋ္ဌက Possible amendments to 2014 MNHRC Law ကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်ကြသည့် ကိုယ်စားလှယ်များက အပြန်အလှန်မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

Recent News