ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်များအား တင်ပြဆွေးနွေးခြင်း အစီအစဉ်သို့တက်ရောက်ခြင်း

  • News

Save the Children နှင့် NGO Child Rights Working Group (NCRWG) တို့ပူးပေါင်းပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်များအား မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်သို့ တင်ပြဆွေးနွေးခြင်းအစီအစဉ်အား Novotel Hotel တွင် (၁၆.၁၁.၂၀၁၅) ရက် နေ့၌ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင် ဦးယုလွင်အောင်နှင့်ရုံးဝန်ထမ်း (၂ )ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

  ဆွေးနွေးပွဲကို (၀၉:၃၀) နာရီတွင် Novotel ဟိုတယ်၊ Bagan Hall ၌ ကျင်းပခဲ့ရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌဦးစစ်မြိုင်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး Save the Children မှ Ms. Susan Ward, Director of Programmes Implementation က ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက် ကိုပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ အထက်မြန်မာပြည်နှင့်အောက်မြန်မာပြည် မှNGO Child Rights Working Group (NCRWG)ကိုယ်စားလှယ်များ၊ Child Rights Governance, Save the Children မှကိုယ်စားလှယ်များ၊ ကျောက်ပန်းတောင်းမြို့နယ် ရှိအရပ်ဘက်လူမှုအဖွဲ့အစည်းဖြစ်သော 3Star မှကိုယ်စားလှယ်များ စုစုပေါင်း (၂၈)ဦး တက်​ရောက်ခဲ့ကြပါသည်။

ဆွေးနွေးခြင်းတွင် Child Rights Governance မှ ဦးရဲဇော်အောင်က Child Rights Monitoring နှင့် Child Led Participatory Action research ကိုရှင်းလင်းရာတွင် Child Rights Monitoring နှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံအတွင်းရှိ ဝေးလံဒေသ (၁၀)မြို့နယ်တွင် ကလေးသူငယ်များ၏ မွေးစာရင်းပြုလုပ်ခြင်း၊ မှတ်ပုံတင်ပြုလုပ်ခြင်း၊ မြို့နယ်များရှိ ကလေးသူငယ် ကော်မတီ အကြောင်း၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် နှင့် အတားအဆီး များအကြောင်းတို့ကို မေးခွန်းများဖြင့် စစ်တမ်းများကောက်ယူခဲ့ပြီး တွေ့ရှိချက်များကို တင်ပြခဲ့ပါသည်။ ၄င်းနောက် Child Rights Governance မှ ဒေါ်နီနီလှက UN CRC Committee Concluding Observation ကိုတင်ပြပြီး Save the Children မှ Development, Quality and Advocacy Director Ms. Katy Webley က Child Rights နှင့် ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင် မည်သို့ မည်ပုံပူးပေါင်းဆောင်ရွက် သွားနိုင်မည်ကို မေးမြန်းဆွေးနွေးခဲ့ပါ သည်။

ဆွေးနွေးပွဲတွင် ဒုတိယဥက္ကဋ္ဌက        ကလေးသူငယ်အခွင့်အရေး       အပါအဝင် လူ့အခွင့်အရေး မြှင့်တင်ရေး နှင့် ပတ်သက်၍ ကော်မရှင်မှ လုပ်ကိုင်ဆောင်ရွက်မှုများ ၊အမျိုးသားအဆင့် ကလေး သူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ၏ ကလေးသူငယ် ဥပဒေပြင်ဆင်ရေးဆောင်ရွက်မှုနှင့် လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန် အရေးကြီးပုံ နှင့်ကော်မရှင်အနေဖြင့် ကလေးသူငယ် အခွင့် အရေးအပါအဝင် အခြားသော လူ့အခွင့်အရေးများနှင့်ပတ်သက်၍လည်း လုပ်ငန်းများပိုမိုထိ ရောက်စွာဆောင်ရွက်နိုင်ရန် ဝန်ထမ်းများသီးခြားတာဝန်ပေး ဆောင်ရွက်ရန်ရှိကြောင်း ဆွေးနွေး ပြောကြားပြီး       ဆွေးနွေးပွဲတွင် ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က           လူ့အခွင့်အရေး အသိပညာမြှင့်တင်ရာတွင် ပညာပေးဗီဒီယိုဇာတ်လမ်း ပြသခြင်းမှာ  အထိရောက်ဆုံးနည်းလမ်း တစ်ခုဖြစ်ပြီး ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ ကျေးကျွန်ပြုမှု၊ နှိပ်စက်ညှဉ်းပန်းမှု တို့နှင့်ဆိုင်သည့်အပိုဒ်များကို ကလေးသူငယ်အခွင့်အရေးနှင့် ဆက်စပ်၍ ရိုက်ကူးပြသနိုင်ပါ ကများစွာအကျိုးရှိမည်ဖြစ်၍ နည်းပညာအကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆို ကြောင်း၊(ခ)    နယ်စပ်ဒေသရှိ ကလေးသူငယ်များ၏ အခြေအနေကို စစ်တမ်းများ ပြုလုပ် လေ့လာဆန်းစစ်ခြင်းမှာ အမှန်တကယ်လိုအပ်သကဲ့သို့ ရန်ကုန်ကဲ့သို့ မြို့ကြီးရှိ ကလေးများ၌ပင် အချို့သော ကလေးလုပ်သားများ၏ အခြေအနေမှာ အလွန်ဆိုးဝါးကြောင်း တွေ့ရှိရသဖြင့် မြို့ကြီး များတွင်လည်း လေ့လာဆန်း စစ်မှုများပြုလုပ်သင့်ကြောင်း၊ NCRWG အပါအဝင် CSO များ၏ အတွေ့အကြုံနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ကြိုဆိုကြောင်း ပြောကြားခဲ့ပါ သည်။

Save the Children မှ Development, Quality and Advocacy Director Ms. Katy Webley ကလည်း ကလေးသူငယ်အခွင့်အရေးနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့်ပူးပေါင်းဆောင်ရွက်လိုပါကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာDesk Officer တစ်ယောက်ထားရှိပေးစေလိုကြောင်းနှင့် ပြန်လည်ဆွေးနွေးခဲ့ပါသည်။

Recent News