ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီ ကော်မရှင်သို့ လာရောက်တွေ့ဆုံခြင်း

  • News

    ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီ သည် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် (၀၉:၅၀) နာရီမှ (၁၀:၅၀) နာရီအထိ အမှတ် (၂၇)၊ ပြည်လမ်း၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ လာရောက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ ကော်မရှင် အဖွဲ့ဝင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် ကော်မရှင် ဥက္ကဋ္ဌမှ ကော်မရှင်ဖွဲ့စည်းမှုနှင့် ကော်မရှင် မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

Recent News