တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး၊ ဘုရင့်နောင်)၊ တို့တွင် Video Conferencing System ဖြင့်သင်ခန်းစာပို့ချ

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ကော်မရှင်ဥပဒေပုဒ်မ ၂၂ ပါ ပြဌာန်းချက် (က) များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်း အချက်အလက်များဖြန့်ချိခြင်း၊ ပညာပေးခြင်းလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်နည်းတူ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (၇၅) နှစ်မြောက် အခါသမယတွင် လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေး လုပ်ငန်းများကိုလည်း အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းနှင့် ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူး တို့သည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ခွဲမှူး သင်တန်း အမှတ်စဉ် (၂၁၅) နှင့် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ခွဲမှူးသင်တန်း အမှတ်စဉ် ၈၃ နှင့် အမှတ်စဉ် ၈၄ တို့ကို ၈--၂၀၂၃၂ ရက်နေ့ ၁၂:၀၀ နာရီမှ ၁၅:၀၀ နာရီအချိန်ထိ Video Conferencing System ဖြင့် သင်ခန်းစာ ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းက လူ့အခွင့်အရေး အခြေခံအယူအဆများ အကြောင်းကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်း နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းစသည့် ဘာသာရပ်သင်ခန်းစာများ အသီးသီး ပို့ချခဲ့ပါသည်။ တိုက်ခိုက်ရေးကျောင်း (ဗထူး) ခြေလျင်တပ်ခွဲမှူးသင်တန်း အမှတ်စဉ် (၂၁၅) ၌ သင်တန်းသားဦးရေ (၁၂၄) ဦးနှင့် တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)ခြေလျင်တပ်ခွဲမှူး သင်တန်း အမှတ်စဉ် ၈၃ နှင့် အမှတ်စဉ် ၈၄ ၌ သင်တန်း သားဦးရေ (၂၄၂) ဦး စုစုပေါင်းသင်တန်းသား ဦးရေ (၃၆၆) ဦး တက်ရောက်ခဲ့ကြပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News