တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တွင် Video Conferencing System ဖြင့် သင်ခန်းစာပို့ချ

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့် နှင့် ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့သည် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့် နောင်) ၌ ဖွင့်လှစ်လျက်ရှိသော ခြေလျင်တပ်ခွဲမှူးသင်တန်း အမှတ်စဉ် (၇၃၊ ၇၄) ကို --၂၀၂၂ ရက်နေ့၊ နံနက် ၀၇:၄၀ နာရီအချိန်မှ ၁၀:၅၀ နာရီအချိန်ထိ Video Conferencing System ဖြင့် သင်ခန်း စာပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေး အခြေခံအယူအဆများနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ချက်များအကြောင်း သည်များကိုလည်းကောင်း၊  ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းကိုလည်းကောင်း သင်ခန်းစာ ပို့ချခဲ့ကြပါသည်။ သင်တန်းတွင် ခြေလျင်တပ်ခွဲမှူးသင်တန်း၊ အမှတ်စဉ် (၇၃၊ ၇၄) မှ သင်တန်းသားဦးရေ စုစုပေါင်း (၂၃၄) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့က ပြန်လည်ဖြေကြား ခဲ့ပါသည်။

 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

 

 

 

Recent News