ပြစ်ဒဏ်ကျခံနေရသည့် ကလေးသူငယ်များအား ထိန်းသိမ်းစောင့်ရှောက်သည့် သင်တန်းကျောင်းများသို့ သွားရောက်စစ်ဆေးခြင်း

  • News

        မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင် ဥပဒေ ပုဒ်မ၊ ၂၂ (ဂ) နှင့် ပုဒ်မ ၄၃ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများသို့ သွားရောက် စစ်ဆေး၍ အကြံပြုတိုက်တွန်းချက်များကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း အသီးသီးသို့ပေးပို့ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

        ပြစ်ဒဏ်ကျခံနေရသည့် ကလေးသူငယ်များအနေဖြင့် ယင်းတို့၏ အခြေခံ ကလေးသူငယ် အခွင့်အရေးများ ဆုံးရှုံးမှု မရှိစေရေးအတွက် ၂၀၁၈ ခုနှစ် ဧပြီလနှင့် မေလအတွင်း ငှက်အော်စမ်း လူငယ် သင်တန်းကျောင်း၊ သန်လျင်လူငယ်သင်တန်း ကျောင်းနှင့် အမျိုးသမီး အသက်မွေးပညာ သင်ကျောင်းများသို့ သွားရောက်စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းအသီးသီးသို့ အကြံပြု တိုက်တွန်းချက်များ ပေးပို့ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ အကြံပြုတိုက်တွန်းချက်များနှင့် စပ်လျဉ်း၍ တိုးတက်မှုအခြေအနေများကို ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သည့် ကော်မရှင်အဖွဲ့က ၂၀၁၈ ခုနှစ် အောက်တို ဘာလ ၁၅ ရက်နေ့တွင် သန်လျင်လူငယ်သင်တန်းကျောင်းနှင့် အမျိုးသက်မွေးပညာ သင်ကျောင်း သို့လည်းကောင်း၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းသို့လည်းကောင်း၊ သွား ရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ အကြံပြုတိုက်တွန်းချက်များကို သက်ဆိုင်ရာဌာနအသီးသီးသို့ ဆက်လက်ပေးပို့ သွားမည်ဖြစ်ပါသည်။

Recent News