ပြည်သူ့ရေးရာနှင့်နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်နှင့်စပ်လျဉ်း၍ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲကျင်းပခြင်း

  • News

           ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ် (International Covenant on Civil and Political Rights – ICCPR) နှင့် စပ်လျဉ်း၍ အရပ်ဘက်အဖွဲ့အစည်းများအား အသိပညာပေးဆွေးနွေးပွဲကို  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် Democracy Reporting International (DRI) အဖွဲ့အစည်းတို့ပူးပေါင်း၍ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၌ ကျင်းပခဲ့ သည်။

 ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများ၊ ICCPR နှင့် စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူဖြစ်သည့် ထိုင်းနိုင်ငံ၊ Chulalongkorn တက္ကသိုလ်မှ Prof. Vitit MuntarbhornDRI မှ ဌာနေကိုယ်စားလှယ်နှင့် ဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၀) ဦးခန့်တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်က Input Presentation: Process for Ratification, Myanmar Perspective ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Prof. Vitit Muntarbhorn က ICCPR ၏ အပိုဒ်အချို့နှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြားကြပြီး တက်ရောက်ကြသည့် ကိုယ်စားလှယ်များက အပြန်အလှန် မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

Recent News