ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်လျက်ရှိသည့် တက္ကသိုလ်/ကောလိပ် ဆရာ၊ ဆရာမများအထူးမွမ်းမံသင်တန်း အမှတ်စဉ် (၂၁) တွင် လူ့အခွင့်အရေးအကြောင်း ရှင်းလင်းဆွေးနွေးခြင်း
၁။ အစိုးရဌာနဆိုင်ရာအရာထမ်းများ၊
ဝန်ထမ်းများ လူ့အခွင့်အရေးဆိုင်ရာ အသိပညာ ပြန့်ပွားစေရန်အတွက် မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်သည်
၂၀၁၆ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌
ဖွင့်လှစ်လျှက်ရှိသည့် တက္ကသိုလ်/ကောလိပ် ဆရာ၊ဆရာမများ အထူးမွမ်းမံသင်တန်း၊
အမှတ်စဉ် (၂၁) သို့ သွားရောက်၍ လူ့အခွင့်အရေးအယူအဆနှင့် သမိုင်းကြောင်း၊
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) နှင့်
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်
ဆောင်ရွက်ချက်များတို့ကို ဆွေးနွေးခဲ့ပါသည်။ သင်တန်းသို့ တက္ကသိုလ်/ကောလိပ်
ဆရာ၊ဆရာမ များ (၇၃၀) ဦးတက်ရောက် ခဲ့ကြောင်းသိရှိရပါသည်။
၂။ သင်တန်းသူ၊ သင်တန်းသားများက
သိရှိလိုသည်များနှင့် အမြင်သဘောထား မတူညီမှုများကို အပြန်အလှန် ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။
