မသန်စွမ်းသူများလူမှုအသိုင်းအဝိုင်းအတွင်း ဝင်ဆံ့နိုင်မှုမြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ တို့ပူးပေါင်း၍ မသန်စွမ်းသူများလူမှုအသိုင်းအဝိုင်းအတွင်း ဝင်ဆံ့နိုင်ရန်နှင့် ၎င်းတို့၏ အခွင့်အရေးများ တိုးတက်ရရှိလာရေး အသိပညာမြှင့်တင်နိုင်ရန် ရည်ရွယ်လျက် “မသန်စွမ်းသူများ လူမှု အသိုင်းအဝိုင်းအတွင်း ဝင်ဆံ့နိုင်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ”ကို ရန်ကုန်မြို့၊ ပြည်လမ်း အမှတ်(၂၇)ရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၌ (၂၀၁၄ခုနှစ်၊ ဧပြီလ ၃ ရက်နှင့် ၄ ရက်) နေ့များတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အရာထမ်း၊ အမှုထမ်း(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

Recent News