မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၁/၂၀၂၀) အစည်းအဝေး တက်ရောက်ခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊
ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ မသန်စွမ်းသူများ ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ
အဖွဲ့ဝင် ဒေါက်တာ နန္ဒာမွှန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၁၃:၀၀
အချိန်တွင် ကျင်းပပြုလုပ်သော မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ
အမျိုးသားကော်မတီ အစည်းအဝေးကို Video Conferencing ဖြင့်
တက်ရောက် ပါဝင်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် မသန်စွမ်းသူများ၏
အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ပဥ္စမအကြိမ်အစည်းအဝေး
ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးမှ ရှေ့ဆက်လက် ပါဝင်ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ပါသည်။ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ
အမျိုးသားကော်မတီကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့ပြီး
ယခုကျင်းပသည့် အစည်းအဝေးမှာ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေး ဖြစ်ပါသည်။

