မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ
ဦးဆောင်သည့် ကော်မရှင်အဖွဲ့ဝင်များနှင့် ရန်ကုန်မြို့ရှိ
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယအကြီးအကဲ Ms. Dawn Del Rio ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံး၌
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်
(UNDP) တို့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို
ဆွေးနွေးကြသည်။
ယင်းသို့ တွေ့ဆုံရာ၌ ကော်မရှင် ဥက္ကဋ္ဌက လူ့အခွင့်အရေး
မြှင့်တင်ရေး၊ ကာကွယ်ရေး၊ ဥပဒေရေးရာနှင့် နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တို့တွင် ကော်မရှင်၏ ဆောင်ရွက်ချက်များကို
ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားကာ ရှေ့ဆက်လက်ဆောင်ရွက်မည့်
လုပ်ငန်းစဉ်များကို ရှင်းပြသည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် ကိုယ်စားလှယ်အဖွဲ့ကလည်း
ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်က မြန်မာနိုင်ငံကို အကူအညီပေးမည့်
အစီအစဉ်တစ်ရပ်ဖြစ်သည့် တာဝန်ခံမှုနှင့် တရားဥပဒေစိုးမိုးမှု
အားကောင်းစေရေးစီမံချက် (Strengthening
Accountability and Rule of Law – SARL) တွင် အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်၏ အခန်းကဏ္ဍ အရေးပါမှုနှင့်
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်နိုင်မည့်
လုပ်ငန်းစဉ်များကို ရှင်းပြဆွေးနွေးသည်။ ထို့နောက် ကိုယ်စားလှယ်အဖွဲ့ နှစ်ရပ်အကြား
အပြန်အလှန်ဆွေးနွေးကြပြီး ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်ကို
ညှိနှိုင်းကြသည်။
