မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကလေးသူငယ်အခွင့်အရေးနှင့်သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များ လှူဒါန်းခြင်း

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) အရ ကော်မရှင်သည် သတင်းအချက်အလက်များ ဖြန့်ဝေခြင်းနှင့် ပြည်သူလူထုအား လူ့အခွင့်အရေး  ဆိုင်ရာ အသိပညာပေးခြင်းများဖြင့် လူ့အခွင့်အရေးဆိုင်ရာ အသိပညာဗဟုသုတများ မြင့်မား လာစေရန် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဘာသာပြန်ဆို ပုံနှိပ်ထုတ်ဝေခဲ့သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of the Child - CRC)၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၏ နောက်ဆက်တွဲ သဘောတူစာချုပ် (Optional Protocol to the Convention on the Rights of the Child on the Involvement of Children in Armed Conflict_CRC-OP-AC)၊ ကလေးသူငယ်များအား ရောင်းချခြင်း၊ ကလေးသူငယ် ပြည့်တန်ဆာပြုခြင်းနှင့် ကလေးသူငယ် ညစ်ညမ်းသရုပ်ဖော်မှုပြုခြင်းနှင့် စပ်လျဉ်းသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၏ နောက်ဆက်တွဲ သဘောတူစာချုပ် (Optional Protocol to the Convention on the Sale of Children, Child Prostitution and Child Pornography_CRC-OP-SC) နှင့် သတင်းပို့တိုင်တန်းချက် လုပ်ထုံးလုပ်နည်းနှင့်သက်ဆိုင်သော  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၏ နောက်ဆက်တွဲ သဘောတူစာချုပ် (Optional Protocol to the Convention on the Rights of the Child on a Communications Procedure _CRC-OP-CP) စာအုပ်များ စုစုပေါင်း အုပ်ရေ (၂၀၀) ကို ၂-၁၀-၂၀၂၆ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲသို့ ပေးပို့ လှူဒါန်းခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

 

Recent News