မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များနှင့် သြစတြေးလျနိုင်ငံ လွှတ်တော်အမတ်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် နှင့် သြစတြေးလျနိုင်ငံ လွှတ်တော်အမတ်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Melia ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

    အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ အဖွဲ့ဝင် ဦးညွန့်ဆွေနှင့် အဖွဲ့ဝင် ဦးခင်မောင်လေးတို့ တက်ရောက်ခဲ့ပြီး သြစတြေးလျနိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွင် သြစတြေးလျနိုင်ငံ လွှတ်တော်အမတ်များ ဖြစ်ကြသည့် The Hon. Kevin James Andrews, Mr. Kenneth Desmond O’Dowd, Ms. Catherine Elizabeth O’Toole, Senator Kimberley Jane Kitching နှင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် ဆောင်ရွက်နေမှုများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

Recent News