မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ လွှတ်တော်ဆွေးနွေးပွဲ၌ ပါဝင်တက်ရောက်ခြင်း

  • News

    မြန်မာလွှတ်တော်နှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) တို့၏ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ လွှတ်တော်ကိုယ်စားလှယ်များအတွက် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က လွှတ်တော်သဘင်ဆောင်၌ ကျင်းပရာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးညွန့်ဆွေနှင့် ဒေါက်တာမြင့်ကြည်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

    ကော်မရှင်အဖွဲ့ဝင် ဦးညွန့်ဆွေသည် ဆွေးနွေးပွဲ အစီအစဉ်အရ Panel ဆွေးနွေးပွဲ၌ ပါဝင်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို ဖြေကြားခြင်း၊ ဆွေးနွေးပွဲအပြီးတွင် ဆွေးနွေးပွဲ၌ ဆွေးနွေးပြောကြားချက်များကို သုံးသပ်တင်ပြခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

Recent News