မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် Democracy Reporting International (DRI) တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် Democracy Reporting International (DRI) တို့သည် လူ့အခွင့်အရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှု စာချွန်လွှာတစ်ရပ်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ လက်မှတ်ရေးထိုးကြသည်။

အဆိုပါနားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် Democracy Reporting International (DRI) မှ မြန်မာနိုင်ငံ ကိုယ်စားလှယ် Ms. Eva Gil တို့က လက်မှတ်ရေးထိုးကြပြီး လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ အဖွဲ့ဝင်များဖြစ်သည့် ဦးညွန့်ဆွေ၊ ဒေါက်တာ မြင့်ကြည်၊ ဦးခင်မောင်လေး၊ ဦးစိုးဘုန်းမြင့် နှင့် Democracy Reporting International မှ မြန်မာနိုင်ငံ ကိုယ်စားလှယ် Ms. Eva Gil နှင့် Mr. Thibaut တို့ တက်ရောက် ကြသည်။

နားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ မဟာ ဗျူဟာ စီမံကိန်း (၂၀၁၈-၂၀၂၁) ရေးဆွဲခြင်း၊ လေ့လာရေးခရီးစဉ်များ သွားရောက်ခြင်းနှင့် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) စွမ်းဆောင်ရည်မြှင့်တင်ခြင်း တို့နှင့်စပ်လျဉ်း၍ ကော်မရှင်အား DRI မှ နည်းပညာပံ့ပိုးပေးရေးတို့အပါအဝင် လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ အဖွဲ့အစည်းနှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ပါဝင်သည်။

Recent News