မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးချုပ် ဦးစီးအရာရှိ လစ်လပ်ရာထူးနေရာများအတွက် စိတ်ပညာဆန်းစစ်မှုပြုလုပ်မည်

  • News

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးချုပ်တွင် ၉-၈-၂၀၁၉ ရက်နေ့က ဦးစီး အရာရှိရာထူး အရည်အချင်းစစ်ဆေးရေးစာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သည့် အောက်ဖော်ပြပါ ပုဂ္ဂိုလ် ၇ ဦးအား ၅-၉-၂၀၁၉ ရက် (ကြာသပတေးနေ့) နံနက် (၁၀:၀၀) ၌ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးချုပ်တွင် စိတ်ပညာဆန်းစစ်မှု ပြုလုပ်မည် ဖြစ်ပါသည်-

စဉ်      အမည်                              နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်

        ဒေါ်သဇင်သက်ဦး                ၁၄/ လမန (နိုင်) ၀၇၄၃၄၉

        ဒေါ်နှင်းဝေလွင်                   ၁၂/ လကန (နိုင်) ၂၀၇၄၇၁

        ဦးညီညီဇော်                      ၇/ ကပက (နိုင်) ၀၈၅၅၂၁

        ဒေါ်အေးငြိမ်းသူ                   ၉/ ခမစ (နိုင်) ၀၀၉၇၀၉

        ဒေါ်ဇင်မင်းသက်လွင်            ၁၂/ သလန (နိုင်) ၁၀၂၀၈၃

        ဦးဇော်ရှိုင်းမောင်                 ၉/ မထလ (နိုင်) ၂၃၇၈၅၅

       ဦးဝဏ္ဏအောင်                    ၁၁/ မဒန (နိုင်) ၁၅၈၄၆၂

စိတ်ပညာဆန်းစစ်မှုဖြေဆိုမည့်သူများသည် ၅-၉-၂၀၁၉ ရက်နေ့ နံနက် (၀၉:၃၀) နာရီ အချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ စီမံရေးရာဌာနသို့ လာရောက် သတင်းပို့ရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ရုံး၊ စီမံရေးရာနှင့် ဘဏ္ဍာရေးဌာန ဖုန်း ၀၁-၆၅၄၆၇၀၊ ၀၁-၆၅၄၆၈၁၊ ၀၁-၆၅၄၆၈၄ (လိုင်းခွဲ ၈၀၁၊ ၈၃၆) တို့ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

Recent News