မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး လုပ်ငန်းခွင်အကြို မိတ်ဆက်သင်တန်း ဖွင့်လှစ်ခြင်း

  • News

၁။       မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးမှ စက်တင်ဘာလနှင့် အောက်တိုဘာလ တို့တွင် အသစ်ခန့်အပ်ခဲ့သည့် လူ့အခွင့်အရေးအရာရှိ (၅) ဦးနှင့် အငယ်တန်းစာရေး (၄) ဦး စုစုပေါင်း (၉) ဦးအား လုပ်ငန်းခွင်အကြိုမိတ်ဆက်သင်တန်းကို ၁-၁၁-၂၀၂၁ ရက်နေ့မှ ၉-၁၁-၂၀၂၁ ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ပါသည်။

၂။       အဆိုပါသင်တန်းကို တစ်ရက်လျှင်သင်တန်းချိန် (၄) ချိန်ဖြင့် လူ့အခွင့်အရေးမြှင့်တင်ရေး နှင့် ပညာပေးရေးဆိုင်ရာသာဘာရပ်၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဘာသာရပ်၊ ဥပဒေရေးရာဆိုင်ရာဘာသာရပ်၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာဘာသာရပ်၊ စီမံရေးရာနှင့် ဘဏ္ဍာရေးဆိုင်ရာဘာသာရပ်နှင့် e-Government ဆိုင်ရာဘာသာရပ်များကို ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနအသီးသီးရှိ တာဝန်ခံညွှန်ကြားရေးမှူး များမှ သက်ဆိုင်ရာ သာဘာရပ်များအလိုက် သင်ကြားပို့ချ သွားကြမည်ဖြစ်ပါသည်။

                                                                                                                                                          မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

Recent News