မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များ ဆားမလောက်စိုက်ပျိုးမွေးမြူရေး နှင့် အသက်မွေးမှု အတတ်သင်စခန်းအား ကွင်းဆင်းစုံစမ်းစစ်ဆေးခြင်း

  • News

၁။       မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးတင်အောင်နှင့် ဦးကျော်စိုးတို့ ဦးဆောင်သော ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၂၄-၂-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ အကျဉ်းဦးစီးဌာန လက်အောက်ရှိ ဆားမလောက် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းသို့ ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ပါသည်။

၂။      ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များသည် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ စုံစမ်းစစ်ဆေးခဲ့ကြပြီး တစ်ဦးချင်း တွေ့ဆုံလိုသော အကျဉ်းသားများ၊ သီးခြားမေးမြန်း စုံစမ်းရန် လိုအပ်သော အကျဉ်းသားများနှင့် တွေ့ဆုံကာ လူ့အခွင့်အရေး ဖောက်ဖျက်မှုခံရခြင်း ရှိ မရှိ၊ အကျဉ်းထောင်အတွင်း အခြေခံလူ့အခွင့်အရေးများ ရရှိမှု ရှိမရှိတို့နှင့် စပ်လျဉ်း၍ မေးမြန်း  မှတ်တမ်းတင်ခဲ့ ကြပါသည်။

၃။      ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုတိုက်တွန်းချက်များ ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Recent News