မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြံပေးအလုပ်ရုံဆွေးနွေးပွဲ

  • News

၁။      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ASEAN-CSR Network နှင့် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) တို့ ပူးပေါင်း၍ Sweden နိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ “လူမှုအကျိုးစီးပွား တာဝန်ယူမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်အခြေခံမူများ အကောင်အထည်ဖော်ခြင်း” ခေါင်းစဉ်ဖြင့် အကြံပေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက် နေ့တွင် Park Royal Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။      အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ် (၂၄) ဦး၊ လွှတ်တော် ကိုယ်စားလှယ် (၉) ဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ကိုယ်စားလှယ် (၁) ဦး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ် (၁) ဦးနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကိုယ်စားလှယ် (၂) ဦး၊ စုစုပေါင်း (၃၇) ဦး တက်ရောက်ခဲ့ပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Mr. Thomas Thomas (Chief Executive Officer, ASEAN-CSR Network)၊ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာဒေါ်သန်းနွဲ့နှင့် ဒေါ်ခိုင်ခိုင်နွယ် (တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း) တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။

၃။    အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ၊ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ဖွံ့ဖြိုးတိုးတက်မှု၊ ပါဝင်ပတ်သက်သူများ၏ အသေးစိတ် လုပ်ငန်းအစီအစဉ်နှင့် မလေးရှားနိုင်ငံ၏ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အတွေ့အကြုံတို့ကို Mr. Thomas Thomas (CEO, ASEAN-CSR Network)Mr. Ray Paolo Santiago (Secretary General, Working Group for an ASEAN Human Rights Mechanism)Mr. Livio Sarandrea (Crisis Prevention and Rule of Law Specialist, Governance and Peace building Team, UNDP) နှင့် Mr. Mohamad Azizi Azmi (Head of Policy Division, SUHAKAM) တို့က ဆွေးနွေးခဲ့ကြပါသည်။

Recent News