မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အလွှာစုံမှ ပါဝင်ပတ်သက်သူများ၏ ဖိုရမ် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ASEAN-CSR Network နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) တို့ ပူးပေါင်း၍ Sweden နိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ “လူမှုအကျိုး စီးပွား တာဝန်ယူမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်အခြေခံမှုများ အကောင်အထည် ဖော်ခြင်း” ခေါင်းစဉ်ဖြင့် အလွှာပေါင်းစုံမှ ပါဝင်ပတ်သက်သူများ၏ ဖိုရမ်တစ်ရပ်ကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၊ Summit Parkview Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် Mr. Thomas Thomas (Chief Executive Officer, ASEAN-CSR Network)၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်သန်းနွဲ့နှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် (UMFCCI) တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဇော်အေးမောင် နှင့် UN Global Compact Myanmar Network ဥက္ကဋ္ဌ၊ ဒေါက်တာအောင်ထွန်းသက်တို့က အမှာစကား​ပြောကြားကြပါသည်။

၂။      အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ပါဝင်ဆက်စပ်သူ ကိုယ်စားလှယ် (၇၅) ဦး တက်ရောက် ပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အမျိုးသားအဆင့် ဆောင်ရွက်မှု စီမံကိန်းအကြောင်း၊ အမျိုးသားအဆင့် ဆောင်ရွက်မှုစီမံကိန်းကို မလေးရှားနိုင်ငံ နှင့် မိုဇံဘိနိုင်ငံတို့မှ အတွေ့အကြုံများကို ရှင်းလင်းတင်ပြသွားကြပါသည်။ ထို့နောက် မြန်မာနိုင်ငံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းစီမံချက်၊ ကုလသမဂ္ဂ လမ်းညွှန်အခြေခံမူများ၊ မြန်မာနိုင်ငံ အတွက် အခွင့် အလမ်းများနှင့် စိန်ခေါ်မှုများအကြောင်းတို့ကို Mr. Thomas Thomas ၊ ဒေါက်တာ အောင်ထွန်းသက်၊ Ms. Bobbie Sta. Maria ၊ Mr. Livio Sarandrea ၊ Mr. Mohamad Azizi Bin Azmi ၊ ဒေါက်တာ ဒေါ်စုလှဟန် (Deputy Managing Director, Medi Myanmar Group) နှင့် Ms. Vicky Bowman (Director, Myanmar Centre for Responsible Business) တို့က ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်သူများမှ မေးခွန်းများ မေးမြန်းခြင်း၊ ပါဝင် ဆွေးနွေးခြင်းများ ပြုလုပ်ကြပါသည်။

Recent News