လူငယ်နှီးနှောဖလှယ်ပွဲတွင် လူ့အခွင့်အရေး အကြောင်း ဟောပြောဆွေးနွေးခြင်း

  • News

    ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် (၂၈-၁၂-၂၀၁၃) ရက်နေ့မှ  (၂-၁-၂၀၁၄) ရက်နေ့အထိ ကျင်းပပြုလုပ်သော ပထမအကြိမ် ဖလမ်းလူငယ်နှီးနှောဖလှယ်ပွဲတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးခွထီးယိုး မှ လူ့အခွင့်အရေးဘာသာရပ်နှင့် ပတ်သက်၍ (၁) ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်း၊ (၂) အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များ၊ (၃) မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်းနှင့် ကော်မရှင်၏ ဆောင်ရွက်ချက်များကို (၃၁-၁၂-၂၀၁၃)ရက်နေ့တွင် ဟောပြော ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ မြန်မာဘာသာသို့ ပြန်ဆို ပုံနှိပ်ထားသည့် ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်းစာအုပ်နှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ပုံနှိပ်ထုတ်ဝေသည့် စာအုပ်စာတမ်းများကိုလည်း ဖြန့်ဝေနိုင်ခဲ့ပါသည်။ အဆိုပါ လူငယ်နှီးနှော ဖလှယ်ပွဲသို့ အနယ်နယ်အရပ်ရပ်မှ ဖလမ်းနွယ်ဖွားချင်းလူငယ် ကိုယ်စားလှယ် (၃၀၀)ကျော် တက်ရောက်ခဲ့ပါသည်။

Recent News