လူ့အခွင့်အရေးအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

  • News

      မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ထမံသီဒေသ၊ အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် လူ့အခွင့်အရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားအရာရှိ/ စစ်သည်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်း ရင်းသားပြည်သူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၀၅) ဦး တက်ရောက်ခဲ့ပါသည်။

Recent News