အာဆီယံအစိုးချင်းဆိုင်ရာကော်မရှင်၏ လုပ်ငန်းတာဝန် သတ်မှတ်ချက်များကို ပြန်လည်သုံးသပ်ရေးအတွက် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အာဆီယံ အစိုးရချင်းဆိုင်ရာ ကော်မရှင်နှင့် ဒေသတွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများ

  • News

    လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အာဆီယံအစိုးရနှင့်ဆိုင်ရာ ကော်မရှင် (AICHR) ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးညွှန့်ဆွေ သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ ၂၀၁၄ခုနှစ် ဧပြီလ ၂၉ရက်တွင် ကျင်းပသော AICHR ၏လုပ်ငန်းတာဝန် သတ်မှတ်ချက်များကို ပြန်လည်သုံးသပ်ရေးအတွက် AICHR နှင့် ဒေသတွင်းရှိ သက်ဆိုင်ရာအဖွဲ့အစည်းများ ညှိနှိုင်းဆွေးနွေးပွဲသို့ ပါဝင်တက်ရောက် ခဲ့သည်။

AICHR ၏ လုပ်ငန်းတာဝန်သတ်မှတ်ချက်တွင် အဆိုပါ လုပ်ငန်းတာဝန်သတ်မှတ် ချက်ကို  ၎င်းသက်ဝင်အတည်ဖြစ်ပြီး ၅ နှစ်အကြာတွင် ပြန်လည်သုံးသပ်ရမည်ဟု ပါရှိသည်။ ၎င်းလုပ်ငန်း တာဝန်သတ်မှတ်ချက် သက်ဝင်အတည်ဖြစ်ခဲ့သည်မှာ ၂၀၀၉ ခုနှစ် ဖြစ်သဖြင့် ၂၀၁၄ ခုနှစ်တွင် ပြန်လည်သုံးသပ်ရမည် ဖြစ်ပါသည်။ အဆိုပါ ပြန်လည်သုံးသပ်မှုအတွက် ကြိုတင်ပြင်ဆင် သည့်အနေဖြင့် AICHR သည် မိမိ၏လုပ်ဆောင်ချက်များကို သုံးသပ်ပြီး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ AICHR ၏ အကြံပြုတိုက်တွန်းချက်များ တင်သွင်းရန် ရှိပါသည်။

AICHR သည် ၎င်းရည်ရွယ်ချက်အတွက် အာဆီယံအဖွဲဝင်နိုင်ငံအသီးသီးရှိ အရပ်ဘက် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးပွဲ အပါအဝင် ဒေသဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပ ခြင်းဖြစ်ပါသည်။ AICHR နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အရက်ဘက်အဖွဲ့အစည်း ကိုယ်စား လှယ်များ တွေ့ဆုံဆွေးနွေးပွဲတွင် အရပ်ဘက်အဖွဲ့အစည်း အသီးသီးတို့မှ ကိုယ်စား လှယ်များသည် AICHR အတွက် ဝေဖန်အကြံပြုချက်များ တင်သွင်းကြပါသည်။ အရပ်ဘက် အဖွဲ့အစည်း အသီးသီးတို့၏ ဝေဖန်အကြံပြုချက်များကို AICHR က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများထံ တင်ပြမည့်အကြံပြု တိုက်တွန်းချက်များ ပြုစုရာ၌ ထည့်သွင်း စဉ်းစားမည်ဖြစ် ပါသည်။

Recent News