၂၀၁၆ ခုနှစ် လုပ်ငန်းအစီအစဉ်အရ အမှတ်(၁) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး (နေပြည်တော်) ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၆ ခုနှစ် လုပ်ငန်းအစီအစဉ်အရ အမှတ်(၁) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့မှူးရုံး (နေပြည်တော်) ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို၂၀၁၆ခုနှစ်၊ ဇူလိုင်လ၂၆ ရက်နေ့က နံနက်၀၉:၀၀နာရီတွင် နေပြည်တော်ရှိ မင်္ဂလာဗျူဟာခန်းမ၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး အမှတ် (၁) လုံခြုံရေးရဲတပ်ဖွဲ့ ကွပ်ကဲမှု အဖွဲ့မှူးရဲမှူးချုပ် တင်ကိုကိုက အမှာစကား ဆက်လက်ပြောကြားခဲ့သည်။

၂။      အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ၂ ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အမှတ်(၁) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး ကွပ်ကဲမှုအောက်ရှိ လုံခြုံရေးရဲတပ်ဖွဲ့များမှ  ရဲအရာရှိ (၅၀) ဦးတက်ရောက်ကြမည်ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲအတွင်း လူ့အခွင့်အရေး သဘောတရားများ၊ ကမ္ဘာ့လူ့အခွင့်အရေကြေညာစာတမ်း၊ မြန်မာနိုင်ငံက ပါဝင်ချုပ်ဆိုထားသော ကုလသမဂ္ဂ လူ့အခွင့်အရေး စာချုပ်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ပြဋ္ဌာန်းပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တရား၊ မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင် အကြောင်းတို့ကို ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးစစ်မြိုင်၊ အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ကော်မရှင် ရုံးဝန်ထမ်းများက ဆွေးနွေးပို့ချသွားမည်ဟု သိရှိရပါသည်။

 

Recent News