Workshop on Communication Strategy for the MNHRC ကျင်းပပြုလုပ်ခြင်း

  • News

    လူ့အခွင့်အရေး ပညာပေးခြင်း၊ ကာကွယ်ခြင်းနှင့် မြှင့်တင်ဆောင်ရွက်ခြင်းများအတွက် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ နည်းဗျူဟာများနှင့် မီဒီယာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးပါသော အခန်းကဏ္ဍကို ပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ “Workshop on Communication Strategy for the MNHRC” ကို ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) နှင့် ဆွီဒင်နိုင်ငံမှ Raoul Wallenberg Institute (RWI) တို့ ပူးပေါင်းကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပုဂ္ဂိုလ်များဖြစ်သည့် RWI မှ Communication Director Mr. Garbriel Stein နှင့် Asia-Pacific Forum (APF) မှ Expert Communications Consultant Mr. James Iliffe တို့လာရောက် ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြသည်။

    အလုပ်ရုံဆွေးနွေးပွဲ၌ မီဒီယာနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ နည်းဗျူဟာများ၊ မီဒီယာ နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးပါသောအခန်းကဏ္ဍများ၊ အကြပ်အတည်းနှင့် ကြုံတွေ့စဉ် ဖြေရှင်းဆောင်ရွက်ခြင်းဆိုင်ရာနည်းလမ်းများ၊ ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ အရေးကြီးသောအချက်အလက်များ နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လုပ်ငန်းတာဝန်များ ဖြစ်သော လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေး ကိစ္စရပ်များကို ပိုမိုထိရောက်စေရန် မီဒီယာများနှင့် ချိတ်ဆက်ဆောင်ရွက်ရာ၌ သိရှိရန်လိုအပ်သော အချက်အလက်များအား တစ်ဦးချင်း၊ အုပ်စုလိုက် လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ခြင်းနှင့် လက်တွေ့အင်တာဗျူးသရုပ်ပြ လေ့ကျင့်ခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။

Recent News