နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) ၌ သင်ခန်းစာသွားရောက်ပို့ချခြင်း

  • News

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ ပါ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲထားသော ရှေ့လုပ်ငန်းစဉ်မူဘောင်ပါ ပန်းတိုင်၊ ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်းစီမံချက်ကိုရေးဆွဲ၍ လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်ဌေးအိ သည် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) ၌ ဖွင့်လှစ်လျက်ရှိသော “အခြေခံသံတမန်ရေးရာ သင်တန်း (Certificate Course in Basic Diplomatic Skills – BDS)  အမှတ်စဉ် (၄၇/၂၀၂၆)” သို့ ၂၈-၇-၂၀၂၆ ရက်နေ့၊ ၀၇း၀၀ နာရီမှ ၀၉း၀၀ နာရီအချိန်ထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများသွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်ဌေးအိက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းပေါ်ပေါက်လာပုံ၊ ကော်မရှင် ဥပဒေပြဋ္ဌာန်းဖြစ်ပေါ်လာပုံနှင့် ဥပဒေပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကော်မရှင်၏ လက်တွေ့အကောင်အထည်ဖော်နေမှုများ စသည့် ဘာသာရပ်များကို  ဆက်စပ်ရှင်းလင်းပို့ချခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသား ၂၃  ဦး၊ သင်တန်းသူ  ၇၂  ဦး၊  စုစု‌ပေါင်း ၉၅  ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည့်မေးခွန်းများကို မေးမြန်းခဲ့ကြရာ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်ဌေးအိ ပြန်လည်ဖြေကြားခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News