မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးသင်တန်း၊ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေး ကော်မတီဝင်များအတွက် ကလေးသူငယ် အခွင့်အရေး အလုပ်ရုံသင်တန်းနှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းဝင်များ လူ့အခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲ

  • News

           မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကော်မရှင်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ခရိုင် အဆင့်အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို မိတ္ထီလာ မြို့နယ်၊  Hotel Htilar Lake View ခန်းမတွင် ၂ ရက်ကြာ ကျင်းပြုလုပ်ခဲ့ရာ အဆိုပါ အလုပ်ရုံ  သင်တန်းသို့ ခရိုင်အဆင့် အစိုးရအရာထမ်း ၅၀ ဦးတက်ရောက်ခဲ့ပါသည်။

အလားတူ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင် ရာ ကော်မတီဝင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းကို ကျင်းပ ပြုလုပ်ခဲ့ပြီး ခရိုင်၊ မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဝင် ၂၀ ဦး တက် ရောက်ခဲ့ကြပါသည်။

ဆက်လက်ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အရပ်ဘက် လူမှုအဖွဲ့အစည်းဝင်များ အတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအား ကျင်းပခဲ့ရာ မိတ္ထီလာအတွင်းရှိ NGO များ၊ CSO များ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ သင်တန်းသား ၄၉ ဦး တက်ရောက်ခဲ့ကြ ပါသည်။

သင်တန်းများတွင် လူ့အခွင့်အရေး အခြေခံသဘောတရားများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် နိုင်ငံတော်မှ ပါဝင်ချုပ်ဆိုထားပြီးဖြစ်သော လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကြီးများ၊           လူ့အခွင့်အရေး ကော်မရှင်အကြောင်းနှင့် တိုင်တန်းနိုင်သည့် ယန္တရားများ စသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့ပါသည်။

သင်တန်းများအတွင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ ကလေးသူငယ် ဥပဒေဆိုင်ရာအကြောင်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း ဖြစ်သော NCRWG မှလည်း ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ပြည်သူ့တာဝန်များ အကြောင်းတို့ကိုလည်း ပါဝင်ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ၂၀၁၈ ခုနှစ်အတွင်းတွင် ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး အသိပညာပေးရေး လုပ်ငန်းစဉ်အရ အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းနှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းဝင်များအတွက်  လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ကျင်းပ ပြုလုပ်သွား မည်ဖြစ်ပါသည်။

Recent News