မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စားဝတ်နေရေးကျပ်တည်းသည့် ဆင်းရဲ နွမ်းပါးချို့တဲ့သော မိသားစုဝင်များအား ထောက်ပံ့လှူဒါန်းခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၂၈) ရပ်ကွက်၊ တာဝန်ရှိပုဂ္ဂိုလ် များနှင့်အတူ အမှတ် (၂၈) ရပ်ကွက်အတွင်းရှိ စားဝတ်နေရေး ကျပ်တည်းသည့် ဆင်းရဲနွမ်းပါး ချို့တဲ့သော မိသားစု (၂၈) စုအား ဆန်၊ဆီ အပါအဝင် အခြေခံ စားကုန် (၆) မျိုးကို COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ နေအိမ်များအရောက် သွားရောက်ပေးအပ်လှူဒါန်းခဲ့သည်။

    COVID-19 ရောဂါကျရောက်သည့် လက်ရှိကာလအတွင်း စားဝတ်နေရေး ကျပ်တည်းပြီး ဆင်းရဲ နွမ်းပါးချို့တဲ့သော မိသားစုများကို ဆက်လက်ထောက်ပံ့ လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက် သွားရန်ရည်ရွယ်ပါသည်။

Recent News