အမျိုးသမီးကလေးများသင်တန်းကျောင်း (မလိခ) အား ကြည့်ရှုစစ်ဆေးခြင်း (၁၀-၇-၂၀၂၆)
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင်၊
ဦးသန်းဝင်းနှင့် ဦးအုန်းခိုင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၁၀-၇-၂၀၂၆
ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အမျိုးသမီးကလေးများသင်တန်းကျောင်း (မလိခ) သို့ သွ...